မုန်လာဥဖြူနဲ့ အတူတွဲ မစားသင့်တဲ့ အစားအစာတွေ


မေ ၃

မုန်လာဥဖြူမှာ ဗီတာမင် A၊ B၊ C၊ ပရိုတင်း၊ ကယ်လ်စီယမ်နဲ့ သံဓာတ်ကဲ့သို့သော သတ္တုဓာတ်တွေများစွာနဲ့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမယ့် မုန်လာဥဖြူနဲ့ အတူတွဲမစားသင့်တဲ့ အစားအစာတွေလည်း ရှိပါတယ်။

မုန်လာဥဖြူကို စားပြီးပြီးချင်း နွားနိုသောက်ခြင်းက ရင်ပူခြင်း၊ အက်ဆစ်ပြန်တက်ခြင်းနဲ့ ဗိုက်နာခြင်းတိုကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲဒီ အစားအစာနှစ်မျိုးကို တွဲဖက်စားသုံးခြင်းကို နာရီအနည်းငယ်ကွာဟပြီး စားတာက အကောင်းဆုံးဖြစ်ပါတယ်။

သခွားသီးမှာ ဗီတာမင် C စုပ်ယူနိုင်တဲ့ အက်စကိုဗိတ်(ascorbate) ပါဝင်တာကြောင့် သခွားသီးနဲ့ မုန်လာဥဖြူကို တွဲမစားသင့်ပါဘူး။

မုန်လာဥဖြူနဲ့ လိမ္မော်သီးကို အတူစားသုံးခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အဲဒီနှစ်ခုရဲ့ပေါင်းစပ်မှုက သင့်အတွက် အဆိပ်လိုမျိုး ဖြစ်စေနိုင်ပြီး အစာအိမ်ပြဿနာတွေကို ခံစားရစေရုံသာမက တခြား ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

မုန်လာဥဖြူနဲ့ ကြက်ဟင်းခါးသီးကို ဘယ်လိုနည်းနဲ့မဆို တွဲမစားဖို အထူးသတိပြုပေးပါ။ သင့်ကျန်းမာရေး အတွက် အန္တရာယ်ရှိနိုင်ပါတယ်။

၎င်းဟာ သင့်အသက်ရှုလမ်းကြောင်းကို ထိခိုက်စေရုံသာမက နှလုံးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မုန်လာဥဖြူနဲ့ လက်ဖက်ရည်တိုကို စားသုံးခြင်းဟာ ဝမ်းချုပ်ခြင်းနဲ့ acidity ဖြစ်စေနိုင်တာကြောင့် အန္တရာယ်များပါတယ်။

မုန်လာဥဖြူက အေးပြီး လက်ဖက်ရည်က နွေးပါတယ်။ အဲ့ဒါကြောင့် ထိုနှစ်ခုဟာ တစ်ခုနဲ့တစ်ခု လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း လက်ဖက်ရည်နဲ့ မုန်လာဥဖြူတို ပေါင်းစပ်မှုဟာ သဟဇာတ မဖြစ်ဘူးလို ဆိုကြပါတယ်။

နောက်ပြီးတော့ မုန်လာဥဖြူကို အလွန်အကျွံ စားသုံးခြင်းကလည်း ရေဓာတ်ခန်းခြောက်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာအချို့ကို ဖြစ်စေနိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22234

PAN