နည်းပြဟောင်း ကွန်တီကို ပြန်လည်ခေါ်ယူရန် ချယ်လ်ဆီးအသင်းစီစဉ်နေ

May 3

ချယ်လ်ဆီးအသင်းဟာ နည်းပြဟောင်း ကွန်တီကို ပြန်လည်ခေါ်ယူရန်စီစဉ်နေကြောင်း သိရပါတယ်။

လက်ရှိနည်းပြ ပိုချက်တီနိုကို ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည့်အပြင် နောက်ထပ်တစ်ရာသီ သက်တမ်းတိုးနိုင်သည့် သဘောတူညီချက်ရယူထားသော်လည်း အသင်းရဲ့ ရလဒ်ဆိုးရွားနေသောကြောင့် အားရကျေနပ်ခြင်းမရှိသည့်အတွက် လာမည့်နွေရာသီ၌ အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပါတယ်။

ထို့ကြောင့် ချိန်ရွယ်နေသည့် နည်းပြများထဲတွင် အသက်၅၄နှစ်ရှိ ကွန်တီလည်း ပါဝင်လာခြင်းဖြစ်ပြီး ၎င်းဟာ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်ပါတယ်။