ဂါဇာဒေသပြန်လည်တည်ဆောက်ရေး နှစ်ပေါင်း ၈၀ ခန့်ကြာမြင့်နိုင်ဖွယ်ရှိဟု ကုလပြော


(နိုင်ငံတကာ) မေ ၃

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှု အခြေအနေများသည် ပြီးခဲ့သည့် ပဋိပက္ခများ အတိုင်း ဆက်လက်ဖြစ်ပွားမည်ဆိုပါက ဂါဇာဒေသပြန်လည်တည်ဆောက်ရေးသည် နှစ်ပေါင်း ၈၀ ခန့် ကြာမြင့် နိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ၏ အစီအရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစ္စရေးစစ်ဘက်၏ ခုနစ်လ နီးပါးကြာ လေကြောင်းတိုက်ခိုက်မှုသည် ဂါဇာဒေသတွင် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိ အပျက်အစီး များကို ဖြစ်ပေါ်စေခဲ့ပြီး ဒေသတွင်းရှိ လူနေထူထပ်သည့် အထပ်မြင့် အဆောက်အအုံများမှာ လုံးဝပျက်စီးသွားခဲ့ရကြောင်း ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ရှိဖြစ်ပွားသည့် ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းတို၏ နေအိမ် ၈၀,၀၀၀ ခန့် ပျက်စီးသွားခဲ့ကြောင်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ထိုပြင် အစ္စရေးစစ်ဘက်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ထောင်ပေါင်းများစွာသေဆုံးခဲ့ကြောင်း သိရသည်။ အကယ်၍ လက်ရှိဆက်လက်ဖြစ်ပွားနေသည့် ဂါဇာစစ်ပွဲသည် ကိုးလအထိ ကြာမြင့်မည်ဆိုပါက ဂါဇာဒေသရှိ ပြည်သူများ၏ ဆင်းရဲမွဲတေမှုသည် ၃၈ ဒသမ ၈ ရာခိုင်နှုန်းမှ ၆၀ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်သောကြောင့် ဒေသတွင်း ပြည်သူအများစုကို လုံးဝဆင်းရဲမွဲတေသည့် သတ်မှတ်ချက်မျဉ်းအောက်သို့ ရောက်ရှိစေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ အာချင်စတိန်းနားက ပြောကြားခဲ့ကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22241

PAN

SZ