ရေခန်းနေသောကန်အတွင်းမှ ဗုံးသီးဟောင်းများတွေ့ရှိ


(ပြည်တွင်း)မေ ၂

ရေခန်းနေသည့် ရေကန်အတွင်း၌ စိုက်ပျိုးရေးလုပ်ရန် မြေရှင်းလင်းနေစဥ် ဗုံးသီးဟောင်းများတွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာကိုခေါ်ယူအပ်နှံခဲ့ရကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျို‌က္ကော်ရပ်ကွက်၊ မွန်စု ပိုင်းရှိ အုတ်ဖိုကန်တွင် ၎င်းရပ်ကွက်နေသူမှ ဧပြီလ ၃၀ ရက်နေ့ မနက် ၈ နာရီအချိန်တွင် ရေခမ်းနေသောကန်အတွင်း စိုက်ပျိုးရေး‌ဆောင်ရွက်ရန် ရှင်းလင်းရာမှ‌‌ ဗုံးသီးဟောင်းများတွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးသီးအဟောင်းများ တွေ့ရှိသည့်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် လုံခြုံရေးတပ်ဖွဲ့သို့အကြောင်းကြားခဲ့သည့်အတွက် အုတ်ဖိုကန် အတွင်းမှတွေ့ရှိသည့် အမျိုးအမည်မသိ ဗုံးသီးဟောင်း (၉)လုံးအား သက်ဆိုင်ရာမှလာရောက် သိမ်းဆည်းသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22206?single

PAN