ဟားမတ်စ်နှင့် ဓားစာခံသဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ Rafah သို့ ဝင်ရောက်မည်ဟု ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု ကပြောကြား

မေ ၁

     အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု
သည် အင်္ဂါနေ့မွန်းတည့်၌ အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir နှင့် တွေ့ဆုံရန် ရှိသည်ဟု အစ္စရေးမီဒီယာ သတင်းရင်းမြစ်များက ဖော်ပြထား သည်။ အစည်းအဝေးမှာ ဟားမတ်စ်နှင့် ဓားစာခံသဘောတူညီချက် ညှိနှိုင်းမှု နှင့် Rafah သို့ IDF က ကျူးကျော်ဝင်ရောက်မှုများ၏ နောက်ကွယ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

       ဓားစာခံ သဘောတူညီချက်အတွက် ဟားမတ်စ်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေစဉ် ကိုင်ရိုသို့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ မသွားရန် ဆုံးဖြတ်ခဲ့သည်ဟု နိုင်ငံရေး အရာရှိတစ်ဦးက Kan သတင်းဌာနသို့ သတင်းပေးပို့ခဲ့ကြောင်း သိရပါသည်။

       IDF သည် ဟားမတ်စ်တို့နှင့် ဓားစာခံ သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည် ဖြစ်စေ Rafah သို့ ဝင်ရောက်မည်ဟု ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ရုံးက ကြေညာခဲ့သည်။ “၎င်း၏ ရည်မှန်းချက်များ အားလုံး မအောင်မြင်မီ စစ်ပွဲကို ရပ်တန့်မည်ဟူသော အယူအဆမှာ မေးခွန်းထုတ်စရာ မရှိပါ” ဟုနေတန်ညာဟုက ပြောကြားခဲ့သည်။

       မိမိတို့သည် အလုံးစုံအောင်ပွဲရရှိရန် အလို့ငှာ
သဘောတူညီချက် တစ်ခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ Rafah သို့ ဝင်ရောက်ပြီး ဟားမတ်စ် တပ်ရင်းများကို ဖယ်ရှား ရှင်းလင်းပစ်မည်” ဟု ဆိုသည်။ ဂျေရုဆလင်ရှိ ၎င်း၏ရုံးခန်း၌ ဓားစာခံလွတ်မြောက်ရေး ဖိုရမ်နှင့် မျိုးချစ်သူရဲကောင်း ဖိုရမ် အဖွဲများမှ ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထိုသို့ နေတန်ညာဟု၏ ပြောကြားချက်များ ထွက်ပေါ်လာခဲ့ကြောင်း သိရပါသည်။

     ထိုသို့ Rafah သို့ ဝင်ရောက်မည်ဟု ပြောကြားချက်များထွက်ပေါ်လာစဥ် ပြည်ထဲရေးဝန်ကြီး Moshe Arbel သည် UNRWA အကြီးအကဲ Philippe Lazzarini ၏ အစ္စရေးသို့ ပြည်ဝင်ခွင့် ဗီဇာပေးရန် တောင်းဆို ချက်ကို ပယ်ချခဲ့သည်ဟု အင်္ဂါနေ့တွင် KAN သတင်းဌာနက ပြောကြားခဲ့သည်။ သူသည် ဂါဇာသို့ သွား ရောက်ရန် အစ္စရေးနိုင်ငံသို့ ဝင်ရောက် လိုခြင်းဖြစ် ကြောင်း သိရပါသည်။

      သို့သော် ဂါဇာကမ်းမြှောင် တောင်ပိုင်း Rafah စစ်ဆင်ရေးအတွက် ယုံကြည်လောက်သည့် အစ္စရေးအစီအစဉ်ကို အမေရိကန်ပြည်ထောင် စုက မမြင်မိဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန လက် ထောက် ပြောရေးဆိုခွင့်ရှိသူ Vedant Patel မှ ဧပြီ ၃၀ ရက်၊ အင်္ဂါနေ့မှာ ပြောကြားခဲ့သည်။ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက အင်္ဂါနေ့ အစောပိုင်း၌ ထိုနေရာတွင် ခိုလှုံနေကြသော ပါလက်စတိုင်း ၁ သန်းကျော်၏ ကံကြမ္မာအပေါ် နိုင်ငံတကာမှ စိုးရိမ်နေသော် လည်း စစ်ဆင်ရေးကို ဆက်လက် ဆောင်ရွက် သွားမည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။

#PAN