လှည်းဆိပ်လမ်းဆုံ မြောင်းမြ-လပွတ္တာကားလမ်း တွင် ယာဉ်တိုက်မှုဖြစ်ပွား


မေ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ တောင်ပေါ်စုကျေးရွာ၊ လှည်း ဆိပ်လမ်းဆုံ မြောင်းမြ-လပွတ္တာကားလမ်း တွင် ဧပြီ ၃၀ ရက်နေ့ည ၉ နာရီအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရှိရသည်။

မြောင်းမြဘက်မှ လပွတ္တာ ဘက်သို့ ယာဉ်မောင်း အောင်ကျော်ကျော်၊ အသက် ၂၃ နှစ်၊ အထက်စုကျေးရွာ၊ ရေငန်းကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ် နေသူ မောင်းနှင်ပြီး နောက်တွင် ဒေါ်နန့်မူဆိတ်၊ အသက် ၄၅ နှစ်၊ ပျဉ်းကတိုးကုန်းကျေးရွာ၊ ရေငန်းကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်နေသူ ထိုင်စီးလိုက်ပါလာသော ဆိုင်ကယ်အမှတ် ၃၆ယ/၁၃၅၆ KENBO 110 (အနက်ရောင်)အမျိုးအစားဆိုင်ကယ်သည် လမ်းအလယ်မှ မောင်းနှင်လာစဉ် လားရာတူအနောက်ဘက်မှ ယာဉ်မောင်း အုန်းသိုက်၊ အသက် ၅၃ နှစ်၊ ဒဂုံဧရာအဝေးပြေး ကားဝန်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် YGN-18 9I/4469 HYUNDAI BUS( ဖြူ/ဝါ)ရောင် “ချမ်းသာ” အမည်ရှိ (ရန်ကုန်-မြောင်းမြ-လပွတ္တာ) ခရီးသည်တင်ယာဉ်မှာ လှည်းဆိပ်လမ်းဆုံ အရောက်တွင် ဆိုင်ကယ်အား ကျော်တက်စဉ်မော်တော် ယာဉ်၏ ယာဘက်နောက်ဘီးဖြင့် ချိတ်မိပြီး ဆိုင်ကယ်မှာလဲကျသွားခဲ့ကြောင်း သိရိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မှာ ယာဘက်ဒူးကာကွဲ၍ ဆုံးရှုံးမှုတန်ဖိုး (၃)သောင်းကျပ်ခန့် သာ ဆုံးရှုံးခဲ့သော်လည်း အောင်ကျော်ကျာ်တွင် ဝဲဘက်ပါးဖုရောင်ဒဏ်ရ၁ ချက်၊ ဝဲဘက်ပုခုံးပွန်းစုတ်ဒဏ်ရာ၊ ဝဲ/ယာနားသွေးထွက်ဒဏ်ရာ(ပြင်းထန် ဒဏ်ရာ-အတွင်းလူနာ-စိုးရိမ်ရ)နှင့် ဒေါ်နန့်မူဆိတ်တွင် ဦးခေါင်းပြား၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ ရင်ဘက်ပေါက်ပြဲဒဏ်ရာ(သေဆုံး)တို့ရရှိခဲ့ကြသဖြင့် အေးမြဖြူစင်လူမှုကူညီရေးအသင်းမှ မော်တင်ယာဉ်ဖြင့် သယ်ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

မော်တော်ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်ပြီး ယာဉ်လမ်းမရှင်းဘဲ ကျော်တက်မောင်းနှင်ကာ သူတစ်ပါးအား နာကျင်ဒဏ်ရာရရှိ သေဆုံးစေခဲ့သူ “ချမ်းသာ”ယာဉ်မောင်း အုန်းသိုက်အား ဥပဒေအရ အမှုရေးဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Telegram>>…
https://t.me/positiveanglenews/22186?single

PAN