Tesla သူဌေး အီလွန်မက်စ်က တရုတ် ဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံ


ဧပြီ ၂၉

Tesla ပိုင်ရှင် ဘီလျံနာသူဌေးကြီး အီလွန်မက်စ်သည် တရုတ်နိုင်ငံရှိ Beijing Motor Show သို့ ရုတ်တရက်သွားရောက်ခဲ့ပြီး တရုတ်အဆင့်မြင့်အရာရှိနှင့် တွေ့ဆုံခဲ့ကြောင်း ထွက်ပေါ်လာခဲ့သည်။

ဧပြီလ ၂၅ ရက်နေ့မှ မေလ ၅ ရက်နေ့အထိကျင်းပမည့် Beijing Motor Show တွင် တရုတ် လျှပ်စစ်ကား ကုမ္မဏီများ အရောင်းမြှင့်တင်နေချိန်တွင် ယခုကဲ့သို့ တွေ့ဆုံခဲ့သည့် သတင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

အီလွန်မက်စ်နှင့် တရုတ်ဝန်ကြီးချုပ် လီချန်းတို့တွေ့ဆုံမှုတွင် လီက တရုတ်၏ ကြီးမားသည့်ဈေးကွက်အား နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကုမ္မဏီများအတွက် တံခါးဖွင့်ထားကြောင်း ထည့်သွင်းပြောဆိုခဲ့ကြောင်းသိရသည်။

အီလွန်မက်စ်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် “တရုတ်ဝန်ကြီးချုပ်နှင့်ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်မှုရှိခဲ့ပြီး ယခုကဲ့သို့တွေ့ဆုံရခြင်းကို ဂုဏ်ယူမိကြောင်း” ရေးသားဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews/22137

PAN