ဖောင်းကတောကျေးရွာရှိ အဘွားအိုတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဓါးပြတိုက်သတ်ဖြတ်


(ပြည်တွင်း)ဧပြီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မင်းကြီးကြပ်ကျေးရွာအုပ်စု၊ ဖောင်းကတောကျေးရွာရှိ ဒေါ်ဝိုင်း၊ အသက် ၇၄ နှစ်၏ နေအိမ်အား အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး လူသတ်၊ ဓားမြတိုက်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်က၊ ဖောင်းကတောကျေးရွာနေ ဒေါ်ဝိုင်းသည် နေအိမ်၌ရှိနေစဥ် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦး ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး နေအိမ်ရှိ မိသားစုဝင် ၄ ဦးတို့အား ဝမ်းလျားမှောက်ခိုင်းကာ အိမ်တွင်းရှိ ပရိဘောဂ ပစ္စည်းများကို ရိုက်ခွဲဖျက်စီး၍ ပြန်အထွက်တွင် ဒေါ်ဝိုင်းအား သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ ၂ ချက်ဖြင့် ​အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့​ကြောင်း သိရှိရသည်။

အဆိုပါ နေအိမ်ရှိ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံးနှင့် ရွှေငွေလက်ဝတ်ရတနာပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း၊ သေဆုံးသူ ဒေါ်ဝိုင်းမှာ ဦးမိုး(အုပ်စုအုပ်ချုပ်ရေးမှူး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်)၏ ယောက္ခမဖြစ်ပြီး ဦးမိုးသည်လည်း လွန်ခဲ့သည့် ၂ နှစ်ခန့်က ဖောင်းကတောကျေးရွာတွင် နေထိုင်စဉ် နေအိမ်အား လက်ပစ်ဗုံးဖြင့် အပစ်ခံရခြင်း၊ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတို့ကြောင့် ငါန်းဇွန်မြို့တွင် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ သည် ဦးမိုးအပေါ်ထားရှိသည့် အာဃာတ အညှိုးများဖြင့် ယခုကဲ့သို့ လူသတ်၊ ဓားမြတိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။ NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများ၊ ဓါးပြတိုက်လုယက်မှုများနှင့် လမ်းတံတားများအား မိုမိုင်းခွဲတိုက်က်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22110?single

PAN