တွဲကားနှင့် ဆိိုင်ကယ်တိုက်၍ ဘိတ်သိပ်ဆရာသေဆုံး


(ပြည်တွင်း) ဧပြီ ၂၈

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{“addons”:1},”is_sticker”:false,”edited_since_last_sticker_save”:true,”containsFTESticker”:false}

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ တောင်တက်နေရာတွင် တွဲကားတစ်ီးသည် လူငယ်နှစ်ဦးစီးလာသည့် ဆိုင်ကယ်တစ်စီးကို ဝင်တိုက်မိပြီးနောက် အရှိန်လွန်ကာ နောက်ဘက်မှ ကပ်ပါလာသည့် အမျိုးသားတစ်ဦး စီးလာသည့် ဆိုင်ကယ်နှင့် အမျိုးသမီးတစ်ဦး စီးလာသည့် ဆိုင်ကယ်(၂)စီးကို ထပ်မံဝင်တိုက်မိသည့်ဖြစ်​စဥ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်စဉ်တွင် မိုးညှင်းမြို့မှ အသက်( ၅၃ )နှစ်အရွယ် ဘိတ်သိပ်ဆရာ ဦးအောင်ထွေးဆိုသူအမျိုးသားတစ်ဦးနှင့် မော်ဟန်ကျေးရွာမှ အသက် (၃၆) နှစ်အရွယ် မလင်းလက်ရည်ရွှေ ဆိုသူအမျိုးသမီးတစ်ဦးတို့သည်ထိုနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများကို မိုးညှင်းဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်နှစ်ဦးကို အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN