ဝူယန်ပြည် သူ့စစ်စခန်း KIA လာရောက်တိုက်ခိုက်

(ပြည်တွင်း)ဧပြီ ၂၇

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝူယန်ပြည်သူ့စစ်စခန်းကို ဧပြီလ ၂၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန့းသူ KIA PDF တို့က လာရောက်ကာခြောင်းမြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ် ၊ဝိုင်းမော်မြို့နယ်တွင် နယ်မြေသတင်းများအရ အကြမ်းဖက်တို့ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်မည့် အစီအစဉ်ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ဧပြီ ၂၆ ရက်နေ့ နံနက် ၈ နာရီချိန်မှစတင်ကာ လုံခြုံရေးတင်းကြပ်ခြင်း ယာဉ်များကိုစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်သောင်းကျန်းသူ KIA PDF များမှ သာလွန်အင်အား အပြင် ဒရုန်းဗုံး စနိုက်ပါများကိုပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

လက်ရှ်ိအချိန်တွင် ဝူယန်ပြည် သူ့စစ်စခန်းအနီးရှိဒေသခံ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews