မြန်အောင်ခရိုင်၊ ကြံခင်းမြိုနယ်၊ သောကြာဒူးကျေးရွာ ကမ်းနားတွင် ရေဆင်းချိုးရင်း လူငယ် ၄ ဦး ရေနစ်သေဆုံး


(ပြည်တွင်း)ဧပြီ ၂၇

မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ ကမ်းနားတွင် ရေဆင်းချိုးရင်း လူငယ် ၄ ဦး ရေနစ်သေဆုံး


(ပြည်တွင်း)ဧပြီ ၂၇

ယနေ့နေ့လည်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ သောကြာဒူးအုပ်စု၊ သောကြာဒူးကျေးရွာ ကမ်းနားတွင် ရေဆင်းချိုးရင်း လူငယ် ၄ ဦး ရေနစ်သေဆုံးသွားကြောင်း သိရှိရသည်။

မြန်အောင်ခရိုင်၊ အင်ပင်မြို့ မှ Light Truck ကားတစ်စီးဖြင့် အကောက်တောင်သို့ ဘုရားဖူးလာရင်း ကမ်းခြေသို့ ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရေနစ်သေဆုံးခဲ့သော လူငယ်များမှာ မောင်လင်းလက်သာ၊ အသက် ၁၅ နှစ်၊ မောင်သော်ဇေရာထွန်း၊ အသက် ၁၅ နှစ်၊ မောင်သွင်ညီညီဇော်၊ အသက် ၁၆ နှစ်၊ မောင်ဟိန်းစည်သူစိုး၊ အသက် ၁၇ နှစ်၊ အင်ပင်မြို့တွင် နေထိုင်ကြသူများဖြစ်ပြီး ၎င်းတို့အား ဒေသခံ ပရဟိတအသင်းများဖြစ်သော မေတ္တာမွန် လူမှုကူညီရေး အသင်း (ကြံခင်း )၊ ရွှေမေတ္တာ နာရေးကူညီမှုအသင်း (ထုံးဘို )၊ ကျန်းမာစေလိုပရဟိတအသင်း (ကရင်စု)၊ ရွှေဆိပ်သာ လူမှုကူညီရေးအသင်း (ဆိပ်သာ)၊ မြို့နယ်မီးသတ်ဌာန တို့နှင့် ဒေသခံများ ဝိုင်းဝန်းကူညီ၍ ဆိပ်သာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

VK Link>>…
https://vk.com/wall-220066330_6159

Telegram>>…
https://t.me/positiveanglenews/22075

PAN