ဒရုန်းဖြင့်လာတိုက်သည့် KIA ကိုစစ်ကြောင်းမှပစ်ဖြစ်၍ ၁၅ မိနစ်ခန့်တိုက်ပဲဲဖြစ်


(ပြည်တွင်း)ဧပြီ ၂၄

ကချင်ပြည်နယ်၊ ရွှေကူမြို့ ၊ အမှတ်(၃)ရပ်ကွက်၊ ဆိုင်းကုန်းရပ်ရှိ မြိုင်သာယာဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသော တပ်မတော်စစ်ကြောင်းကို ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA/PDF အဖွဲ့က ဒရုန်းဖြင့် ဒလော့ဖ် ဗုံးချကာတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ကချင်ပြည်နယ် အကြမ်းဖက်သောင်းကျန်းသူ KIA/PDF အဖွဲ့က ဒရုန်းဖြင့် လာရောက်တိုက်ခိုက်သည့် အတွက် စစ်ကြောင်းမှ တပ်ဖွဲ့၀င်များက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုအတွင်း နှစ်ဘက် ထိခိုက်သေဆုံးဒဏ်ရာရရှိမှု မရှိခဲ့ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews/21965

PAN