ရနောင်းသို့ ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်ခွင့်ပြု


ဧပြီ ၁၉

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေး ရန်ကုန်-ကော့သောင်း-ရနောင်းကို ကမ်းရိုးတန်းဆိပ်ကမ်းကနေ ကွန်တိန်နာစနစ်နဲ့ ကုန်သွယ်ဆောင်ရွက်ခွင့်ပြုနေတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်စေဖို့အတွက် နယ်စပ်ကုန်သွယ်ရေး နည်းလမ်း အသစ်တစ်ခုအဖြစ် အခုလိုကုန်သွယ်မှု ဆောင်ရွက်ခွင့် ပြုတာလို့ ဆိုပါတယ်။

အဲဒါကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်တင်ပို့မှုကို ရန်ကုန်-ကော့သောင်း-ရနောင်း နဲ့ သွင်းကုန်တင်သွင်းမှုကို ရနောင်း-ကော့သောင်း-ရန်ကုန်မှ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းနဲ့ ဆောင်ရွက်ခြင်းအတွက် သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ SOP တွေအတိုင်း လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးဆောင်ရွက်နေတဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းကနေ တင်ပို့၊ တင်သွင်းတဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာမှု မရှိစေဖို့အတွက် ကုန်သွယ်ရေးစခန်း ပြောင်းလဲခွင့်ပြုတာ ပင်လယ်ရေကြောင်းကနေ ပြောင်းလဲခွင့်ပြုတာတွေ ဆောင်ရွက်ပေးသွားမယ် လို့လည်း အသိပေးကြေညာထားပါတယ်။

Telegram Link>>…
https://t.me/positiveanglenews/21825

PAN