ဧပြီ ၁၉
လာမည့်နွေရာသီမှာ အသင်းကထွက်ခွာတော့မယ့် တိုက်စစ်မှူး ဆာလတ် ရဲ့နေရာမှာ အစားထိုးနိုင်ဖို့ အတွက် ဝက်စ်ဟမ်းအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ တိုက်စစ်ကစားသမား ကူဒက် ကို ခေါ်ယူဖို လီဗာပူးလ် အသင်းက ပြင်ဆင်နေကြောင်း သိရပါတယ်။
လက်ရှိမှာ ဆာလတ် ကို ဆော်ဒီပရိုလိဂ်က မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ဆက်သွယ် နေတာကြောင့် လီဗာပူးလ်အသင်းက ကစားသမားကို လက်လွှတ်ရန်ဆုံးဖြတ်ထားပြီး ပြီးခဲ့တဲ့ နွေရာသီမှာ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ ကစားသမားအနေဖြင့် ထွက်ခွာရန်ဆန္ဒရှိပါက ထွက်ခွာခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းက ဆာလတ် ရဲ့နေရာမှာ အစိုးထိုးနိုင်ဖိုအတွက် အေဂျက်အသင်းမှ ဝက်စ်ဟမ်းအသင်း သို စတာလင်ပေါင် ၃၈ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု လေးကြိမ် အထိပြုလုပ်နိုင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဝက်စ်ဟမ်းအသင်းတောင်ပံကစားသမား ကူဒက် ကို အစားထိုးနိုင်ဖို့ စီစဉ်လျက်ရှိပြီး ဆာလတ် ထွက်ခွာသွားပါက ခေါ်ယူနိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။
Telegram Link>>…
https://t.me/positiveanglenews/21826