စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း ရာထူးမှအနားယူပြီးချိန်တွင် ဝါရင့်ဝန်ကြီးအဖြစ် အစိုးရအဖွဲတွင် ဆက်ရှိမည်


ဧပြီ ၁၉

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း အနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပေးပြီးချိန် နောက်ပိုင်းတွင် အစိုးရအဖွဲ့အတွင်း ဝါရင့်ဝန်ကြီးတစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း စင်ကာပူဘဏ္ဍာရေးဝန်ကြီး လောရင့်စ် ဝေါင် က ဧပြီလ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။

လာမည့် မေလ ၁၅ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူမည်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီး လောရင့်စ်ဝေါင် ကို ဝန်ကြီးချုပ်တာဝန်လွှပေးမည်ဖြစ်ကြောင်း အသက် ၇၂ နှစ်အရွယ် လက်ရှိဝန်ကြီးချုပ် လီရှန်လွန်း က ဧပြီလ ၁၅ ရက်တွင် ကြေညာထားသည်။

သို့သော် ဝန်ကြီးချုပ် လီရှန်လွန်း အနေဖြင့် ရာထူးမှအနားယူပြီးချိန်တွင် အစိုးရအဖွဲ့၌ ဝါရင့်ဝန်ကြီး တစ်ဦးအဖြစ် ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း လောရင့်စ်ဝေါင် က အတည်ပြုပြောကြားထားသည်။

လီရှန်လွန်း အနားယူချိန်တွင် လောရင့်စ်ဝေါင် သည် စင်ကာပူနိုင်ငံလွတ်လပ်ရေးရရှိချိန် ၁၉၆၅ ခုနှစ် နောက်ပိုင်း စတုတ္ထမြောက် စင်ကာပူခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။

ဝန်ကြီးချုပ် လီရှန်လွန်း အနေဖြင့် ရာထူးမှနုတ်ထွက်ပြီးချိန်တွင် ဝါရင့်ဝန်ကြီးတစ်ဦးအဖြစ် အစိုးရအဖွဲ့၌ ဆက်နေရန် ဆုံးဖြတ်ထားသည့်အတွက် မိမိအနေဖြင့် ဝမ်းသာကြောင်း လောရင့်စ်ဝေါင် ကပြောကြားခဲ့သည်။

စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုနှင့် ဂိုချောက်ထောင် တို့သည်လည်း ဝန်ကြီးချုပ်ရာထူးများမှ အနားယူခဲ့ပြီးချိန်တွင် အစိုးရအဖွဲ့၌ ဝါရင့်ဝန်ကြီးချုပ်များ အဖြစ် ဆက်လက်ပါဝင်ခဲ့ကြကြောင်း သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21824

PAN