စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာနှင့် ထုံးကြီးကျေးရွာတို့ကို အကြမ်းဖက် PDF အဖွဲ့မှ Drop Bome ချ တိုက်ခိုက်


(ပြည်တွင်း)ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာနှင့် ထုံးကြီးကျေးရွာတို့၌ အထိုင်ချကာ အခြေပြုနေသော တပ်မတော် လုံခြုံရေးစစ်ကြောင်းနှင့် ဌာနေပြည်သူ့စစ်အဖွဲ့တို့အား Drop Bomeချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၅ နာရီအချိန်ခန့်က ဝက်လက်မြို့နယ်၊ သရက်ပင်ကျေးရွာအနီး​ ရွှေတောင်ဦးဘုရားပေါ်မှ အကြမ်းဖက် PDF အဖွဲ့က Drone ၃ စီးဖြင့် Drop Bomb အလုံး ၂၀ ခန့် ပစ်ချတိုက်ခိုက်ခဲ့ရာ ရွာသာယာကျေးရွာ တာဝန်ခံ ဦးအောင်မင်း၏ နေအိမ်သွပ်မိုးပေါ်သို့ ကျရောက်ခဲ့သဖြင့် သွပ်မိုးအနည်းငယ် ပျက်စီးခဲ့ပြီး လုံခြုံရေးစစ်ကြောင်းနှင့် ဌာနေပြည်သူ့စစ်အဖွဲ့များ ထိခိုက်ဒါဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ထုံးကြီးကျေးရွာ အမကကျောင်းတွင် အခြေပြုကာ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့အား အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ရာ ဗုံးမှာ ကျေးရွာအတွင်းရှိ ကိုကျော်မင်းသူ၏ စျေးဆိုင်ပေါ်သို့ ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ကိုကျော်မင်းသူ၏ နေအိမ် သွပ်မိုးပေါက်ပြဲပျက်စီး၊ နေအိမ်တံခါး ဗုံးစထိမှန် ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရှိရသည်။

၎င်းပြင် ယင်းနေ့ ည ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF များသည် ထုံးကြီးကျေးရွာအုပ်စု၊ ထုံးကြီးကျေးရွာအား ထပ်မံ၍ Drone ဖြင့် Drop Bomb ၅ လုံးချ တိုက်ခိုက်ခဲ့ရာ ဒေါ်ခင်သန္တာဝင်း၊ ၃၆ နှစ်၊ နေအိမ်အနီးသို့ Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်ခင်သန္တာဝင်းတွင် ဝဲဘက်မျက်လုံးအောက်နှင့် ဝဲဘက်နားထင် ဗုံးစထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ဒေါ်ခင်သန္တာဝင်းအား စဉ့်ကူးပြည်သူ့ ဆေးရုံမှတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သတင်းရရှိသည်။

Telegram Link>>…
https://t.me/positiveanglenews/21829?single

PAN