ကချင်ပြည်နယ် မြေပြင်သတင်း


(ဧပြီ ၁၉)

-ဖားကန့်မြို့
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊နန့်ယားတွင် ဧပြီလ ၉ ရက်နေ့ကဖြစ်သည့်တိုက်ပွဲများကြောင့် တစ်ပါတ်ခန့်ကြာပိတ်ထားသည့် ဖားကန့်-မြစ်ကြီးနားလမ်းကို ယမန်‌နေ့ ညနေပိုင်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံယာဉ်မောင်းများထံမှ သိရသည်။

-မိုးညှင်းမြို့
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ဆယ်မိုင်ကျေးရွာရှိ ရာဘာခြံအနီးတွင် ၃ ပတ်ခန့်ကြာပျောက်ဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းကို ပုပ်ပွလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် စိတ်ဝေဒနာရှင်အမျိုးသမီးတစ်ဦးဖြစ်ပြီး အသက် (၅၇) နှစ်အရွယ် ဒေါ်ဆောင်မျှော်ဆိုသူဖြစ် ကြောင်း၊ သေဆုံးသွားသည့်အကြောင်းအရင်းကိုမူ မသိရှိရကြောင်းနှင့်လက်ရှိအချိန်တွင် ရုပ်အလောင်းကို မိုးညှင်းပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ထားခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း လိုက်ပါကူညီပေးသည့် မေတ္တာလေညင်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးထံကသိရှိရပသည်။

-မြစ်ကြီးနားမြို့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အကျဉ်းထောင် ယမန်‌နေ့က ဆူပူအုံကြွမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယင်းဆူပူအုံကြွမှုကြောင့် ၄ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်းသိရသည်။

-ဝိုင်းမော် – ချီဖွေလမ်းပိုင်း တစီးတိမ်းမှောက်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဝိုင်းမော် – ချီဖွေသွားလမ်းပေါ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်ခန့်တွင် ကံပိုင်တည်မြို့မှဆင်းလာသော ပလပ်စတစ်ပိုက်လိပ်များတင်ဆောင်လာသည့် ကုန်တင်တွဲကားတစ်စီးသည် ဆဒုံးရေတံခွန်အနီးတွင် တိမ်းမှောက်ခဲ့ရာ အသက် ၃၅ နှစ်ခန့်အရွယ် ယာဉ်မောင်းဖြစ်သူ ကိုနိုင်နိုင်ထွန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဝိုင်းမော်ပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်း တာဝန်ရှိသူထံမှ သိရသည်။

Telegram Link>>…
https://t.me/positiveanglenews/21833?single

PAN