ဧပြီ ၉
အစ္စရေးက ဂါဇာမှ စစ်သည်များကို ပြန်ရုပ်သိမ်းမှုကြောင်း ကမ္ဘာ့ရေနံဈေး အနည်းငယ်ကျဆင်း
ဧပြီ ၉
အစ္စရေးက ဂါဇာ၌ တပ်မတစ်မသာချန်ပြီး ကျန်စစ်သည်များကို ပြန်လည်ရုပ်သိမ်းမှုကြောင့် ကမ္ဘာ့ ရေနံ ဈေးနှုန်း အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
အဆိုပါသတင်းကြောင့် ယခုသီတင်းပတ်အစ အတွက် ရေနံဈေးနှုန်းအဖွင့်သည် တစ်စည်လျှင် ၁ ဒေါ်လာခန့်ကျဆင်းကာ ဘရန့်ရေနံစိမ်း က ဒေါ်လာ ၉၀ အောက်နှင့် WTI ရေနံစိမ်းက ၈၆ ဒေါ်လာအောက်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။
သို့သော် အစ္စရေးက အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုနှင့် အီရန် က လုပ်ဆောင်လာနိုင်သောလက်တုံပြန်နိုင်မှုတို့သည် အချိန်မရွေး ရေးနံဈေးနှုန်း မြင့်တက် သွားစေနိုင်သည့် အကြောင်းရင်းတစ်ရပ်အဖြစ် ကျန်ရှိနေမြဲ ဖြစ်သည်။
ထို့ပြင် ပထဝီနိုင်ငံရေးပြောင်းလဲမှု အခြေအနေများကလည်း ဈေးကွက်အတွင်းသို့ ရေနံဝင်ရောက်မှုကို လျော့ကျစေသည့် အကြောင်းရင်းတစ်ခုဖြစ်သည်ဟု လေ့လာသူများ က ပြောသည်။
လေ့လာသူတစ်ဦးဖြစ်သည့် တိုနီဆိုင်ကာမိုး က ယခုကဲ့သို့ အစ္စရေး က ဂါဇာမှ တပ်တွေ ပြန်ရုပ်သိမ်းခြင်းသည် နိုင်ငံတကာ၏ ဖိအားပေးမှုများကြောင့် ဖြစ်သ့လို တင်းမာမှုများ လျော့ကျ လာခြင်းလည်း ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်ဟု OP သတင်းဌာန တွင် ဖော်ပြထားသည်။
Website Link
VK Link