မြဝတီမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေ

(ပြည်တွင်း) ဧပြီ ၉

ကရင်ပြည်နယ် မြဝတီမြို့နယ်ဖားချောင်းရွာနားတွင်တည်ရှိသော အမှတ်(၂၇၅)ခြေလျင်တပ်ရင်းဌာနချုပ်ကို အကြမ်းဖက်သောင်းကျန်းသူများမှ ဝင်ရောက်ပစ်ခတ်နေသည့်အတွက် တိုက်ပွဲတွေပြင်းထန်နေကြောင်း ဒေသခံများ၏ပြောဆိုချက်များအရ သိရသည်။

အမှတ်(၂၇၅)ခြေလျင်တပ်ရင်းတပ်ရင်းဌာနချုပ်အား အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် ဗိုလ်ဒါဘော ဦးဆောင်တဲ့ Cobar စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းများမှ အင်အား ၄၀၀ ခန့်သည် ယနေ့ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက်နေ့သည့်အတွက် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

PAN