ရန်ကုန် – မန်စီ – ရန်ကုန် ကုန်စည်လေကြောင်းခရီးစဉ် တစ်ပတ် နှစ်ရက်ပျံသန်းမည်”


ဧပြီ ၅
မြန်မာအမျိုးသားလေကြောင်းက ရန်ကုန် – မန်စီ – ရန်ကုန် ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေး လေကြောင်း ခရီးစဉ်များ(Cargo Flight)ကို Boeing 737-800 Freighter လေယာဉ်နဲ့ တစ်ပတ်နှစ်ရက်ပျံသန်းပေးသွားမယ်လို ထုတ်ပြန်ကြေညာထားပါတယ်။
ဧပြီလ ၃ ရက် မှစတင်ပြီး ၁ ပတ်ကို ၂ ကြိမ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များမှာ ပျံသန်း ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။
Boeing 737-800 Freighter လေယာဉ်သည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်မှာ မြန်မာနိုင်ငံသို ဆိုက်ရောက်ခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းရဲ့ ကုန်ပစ္စည်းသယ်ယူပိုဆောင်ရေး လေကြောင်းခရီးစဉ်များဖြစ်တဲ့ ရန်ကုန် – ကူမင်း – ရန်ကုန်၊ ရန်ကုန် – ဘန်ကောက် – ရန်ကုန်၊ ရန်ကုန် – စင်ကာပူ – ရန်ကုန် cargo ခရီးစဉ်များမှာ ပုံမှန်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews