မတ် ၂၉
လာမည့် ဧပြီလတွင် မြစ်ရေအချို လက်ရှိရေအမှတ်ထက်မြင့်တက်လာနိုင်ဟုဆို
မတ် ၂၉
၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အချိုမြစ်များ လက်ရှိရေအမှတ်ထက် မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
လာမည့် ဧပြီလအတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို၊ ဗန်းမော်မြို၊ ရွှေကူမြို၊ ကသာမြို၊ သပိတ် ကျင်းမြို၊ မန္တလေးမြို၊ စစ်ကိုင်းမြို၊မြင်းမူမြို၊ ပခုက္ကူမြိုနှင့် ညောင်ဦးမြိုတိုတွင် ၃ ပေမှ ၄ ပေခွဲခန့်နှင့် ချောက်မြို၊ မင်းဘူးမြို ၊ မကွေးမြို၊ အောင်လံမြို၊ ပြည်မြို၊ ဆိပ်သာမြို၊ ဟင်္သာတမြိုနှင့် ဇလွန်မြိုတိုတွင် ၁ ပေခွဲမှ ၂ ပေခွဲခန့် လက်ရှိရေအမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။
ချင်းတွင်းမြစ်ရေသည်လည်း ခန္ဓီးမြို၊ ဟုမ္မလင်းမြို၊ ဖောင်းပြင်မြို၊ မော်လိုက်မြို၊ ကလေးဝမြို၊ မင်းကင်း မြို၊ ကနီမြိုနှင့်မုံရွာမြိုတိုတွင် ၁ ပေမှ ၃ ပေခန့် လက်ရှိရေအမှတ်များထက်မြင့်တက်လာနိုင်ကြောင်း သိရပါ တယ်။
အလားတူ မြစ်သာမြစ်ရေသည် ကလေးမြိုတွင် ၁ ပေခန့်၊ ဒုဌဝတီမြစ်ရေသည် သီပေါမြို ၊ ရွှေစာရံနှင့် မြစ်ငယ်မြိုတို တွင် ပေဝက်မှ ၁ ပေခန့်နှင့် စစ်တောင်းမြစ်ရေသည် တောင်ငူမြိုနှင့်မဒေါက်မြိုတိုတွင် ပေဝက်မှ ၁ ပေခန့် ဆက်လက် မြင့်တက်နိုင်ကြောင်း မိုးဇ/လက အသိပေးထားပါတယ်။
ဒါ့အပြင် ရွှေကျင်မြစ်ရေသည် ရွှေကျင်မြိုတွင် ၁ ပေခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြိုနှင့် ပဲခူးမြိုတိုတွင် ပေဝက်မှ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြိုတွင် ၁ ပေခွဲခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြိုတွင် ပေဝက်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို၊ သာပေါင်းမြိုနှင့် ပုသိမ်မြိုတိုတွင် ပေဝက်မှတစ်ပေခွဲခန့် ၊ တိုးမြစ်ရေသည် မအူပင်မြိုတွင် ၁ ပေခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြိုတွင် ပေဝက်ခန့် လက်ရှိ ရေ အမှတ်များထက် မြင့်တက်လာနိုင်ကြောင်း သိရပါတယ်။