(ပြည်တွင်း) မတ် ၂၉
မန္တလေးသင်္ကြန် ရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြု
(ပြည်တွင်း) မတ် ၂၉
မန္တလေးမြို့ သင်္ကြန်ပွဲတော်အတွက် လက်ရှိရေကစားမဏ္ဍပ် ၂၅ ခု ခွင့်ပြုနေရာချပေးထားတယ်လို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီကနေ သိရပါတယ်။
ဧပြီလမှာ ကျင်းပမယ့် မြန်မာ့ရိုးရာ အတာ သင်္ကြန် ရေသဘင်ပွဲတော်ကာလကို မန္တလေးမြို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျုံးဘေး ၂၆ လမ်းမှာ ရေကစားမဏ္ဍပ်ကြီး ၈ ခု၊ ၆၆ လမ်းမှာ ရေကစားမဏ္ဍပ်ကြီး ၃ ခုနဲ့ ရေကစားမဏ္ဍပ်အသေး ၁၄ ခု ခွင့်ပြုပေးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အခုနှစ် မန္တလေးမြို့ သင်္ကြန်ပွဲတော်မှာတော့ ကျုံးဘေး ၂၆ လမ်းဘက်မှာ လမ်းလျှောက်သင်္ကြန်ကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ကိုတော့ ၂၆ လမ်း၊ ၆၆ လမ်းနဲ့ ၇၁ လမ်းအထိပဲ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်တယ်လို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် မန္တလေးသင်္ကြန်ပွဲတော်ကာလမှာ ၂၆ လမ်း၊ ၇၁ လမ်းမှ လမ်း ၈၀ အထိ ကျုံးဘေး ကပ်လျက် တွေမှာ ရေကစားမဏ္ဍပ်ကြီးတွေ ဆောက်လုပ်ကာ ရေပက်ခံကားတွေကို ဝင်၊ ထွက် ခွင့်ပြုပြီး ရေပက်ခံထွက်နိုင်ဖို စီစဉ်ပေးထားတယ်လို့ လည်းဆိုပါတယ်။
မန္တလေးမြို ကျုံးတောင်ဘက် ၂၆ လမ်း နဲ့ ကျုံးအရှေ့ဘက် ၆၆ လမ်းမှာ ရေကစားမဏ္ဍပ်ကြီး ဆောက်လုပ်ပြီး ရေပက်ကစားလိုသူတွေအနေနဲ့လည်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အခွန်ဌာနကို ဧပြီ ၁၀ ရက် နောက်ဆုံးထားလျှောက်ထားနိုင်တယ်လို့လည်း သိရပါတယ်။