မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


မတ် ၂၆

မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


မတ် ၂၆

ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးဌေးအောင် လုပ်ကြံသတ်ဖြတ်ခံရကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်သည် ဇနီးဖြစ်သူကို နန့်မွန်းစျေးတွင် ဆိုင်ဖွင့်ရန်အတွက် သွားရောက်ပို့ပေးစဉ် အကြမ်းဖက် PDF တို့က သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခြင်းခံရပြီး ညာဘက်မျက်လုံးအောက်၊ နှာခေါင်းဘေးတွင် ကျည်ထိမှန်ခဲ့ပြီး ထိုနေရာ၌ပင် သေဆုံးသွားခဲ့ရကြောင်း၊ ၎င်း၏ ရုပ်အလောင်းကို မြစ်ကြီးနားမြို့သို့ သယ်ဆောင်သွားပြီကြောင်း ဒေသခံများထံမှ သိရှိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲ မဲမသမာမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင်ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ ယခုလက်ရှိအချိန်ထိ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သတင်များအရ သိရသည်။

#PAN