ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄×၃၁(A) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်အား အမည်မသိအမျိုးသား ၃ ဦးမှ ဝင်ရောက် လုယက်


မတ် ၂၅

ယနေ့ ၁၁ နာရီ ၂၀ အချိန်ခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄×၃၁(A) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်အား အမည်မသိအမျိုးသား ၃ ဦးမှ ဝင်ရောက် လုယက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၇၄×၃၁(A) လမ်းထောင့်ရှိ ကမ္ဘောဇဘဏ်ခွဲ(၄၆)တွင် ငွေထုတ်သူ မောင်ထက်နိုင်ဦး၊ ၂၁ နှစ်၊ (ဘ)ဦးခင်မောင်လေး၊ ၇၇ လမ်း၊ ၃၇×၃၈ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မျက်ပါးရပ်နေသူမှ ငွေကျပ် သိန်း ၁၈၁၂ သိန်း လာရောက်ထုတ်ယူသည့်အတွက် ဘဏ်မှ ငွေစစ်ဆေးနေချိန်တွင် အမည်မသိ အမျိုးသား ၃ ဦးမှ သေနတ်အတို(စိစစ်ဆဲ) ၁ လက်၊ ရဲဒင်း ၁ လက် ကိုင်ဆောင်၍ ဘဏ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။

၎င်းနောက် ဘဏ်အတွင်းရှိသူများအား ဘဏ်ထောင့်တွင် စုထိုင်ခိုင်းကာ ဘဏ်ရှိ ငွေ ၁၈၁၂ သိန်းကျပ် အပါအဝင် ၅၀၀၀ ကျပ်တန်နှင့် ၁၀၀၀၀ ကျပ်တန် အုပ် ၂၀၈၀ အုပ်ခန့်အား ဆာလာအိတ် အစိမ်းရောင် ၂ လုံးဖြင့်ထည့်ကာ ၇၄ အတိုင်း မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

PAN