မော်စကိုတိုက်ခိုက်မှု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရှုတ်ချ

မတ် ၂၄

မတ်လ ၂၂ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ City Hall တစ်ခုအတွင်းပစ်ခတ်မှုကြောင့် လူအမြောက်အမြားသေဆုံးမှုအား မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

နိုင်ံခြားရေးဝန်ကြီးဌာန၏ ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်တွင် မော်စကိုမြို့၏ အနောက်မြောက်ဘက်ရှိ Krasnogorsk အရပ်ရှိCrocus City Hall ၌ အကြမ်းဖက်တိုက်ခိုက်ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်မြားလှစွာသောအပြစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ရသည့်အပေါ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းဖော်ပြထားသည်။

မည်သည့်ပုံစံမျိုးစုံနှင့်မဆို ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်ဝါဒီနှင့် အစွန်းရောက်အကြမ်းဖက်မှုများကို မြန်မာနိုင်ငံသည် အစဉ်တစိုက် ရှုတ်ချလျက်ရှိပါသည်။ အကြမ်းဖက်ဝါဒီသည်နိုင်ငံတကာအကြမ်းဖက်မှုလုပ်ရပ်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးလျက်ရှိပါသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားအစိုးရ၊ ပြည်သူများနှင့် အကြမ်းဖက်ဒဏ်ခံရသည့် ကျန်ရစ်ခဲ့သောမိသားစုများနှင့်အတူ ဝမ်းနည်းကြောင်းဖော်ပြအပ်ပါသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

#PAN