ကျိုက်ထိုမြို့နယ် မြို့နယ်ပြည်ခိုင်ဖြိုး ကော်မတီဝင်တစ်ဦး သတ်ဖြတ်ခံရ

မတ် ၂၃

NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများ လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ မြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်တစ်ဦးအား PDF အကြမ်းဖက်များမှ ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

ယနေ့ မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် အချိန် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအုပ်စု၊ တောင်ကလေး ကျေးရွာ နေ ဦးစံလွင် ( ပြည်ခိုင်ဖြိုးပါတီမြို့နယ်ကော်မတီဝင်) အား PDF အကြမ်းဖက်သမား ၂ ဦး မှ ဆိုင်ကယ်(၁)စီး ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် ဦးစံလွင်(၅၇)နှစ်၊ (ဘ)ဦးကျော်ဦးသည် ကျေးရွာ အုပ်ချုပ်ရေးမှူး တောင်ကလေး ကျေးရွာနေသူ သည် နေအိမ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဆိုင်ကယ်ဖြင့် ၁ ဦးတည်း မောင်းနှင်သွားစဉ် တောင်ကလေး ကျေးရွာ နေ ဦးတိုး နေအိမ် ရှေ့ အရောက်တွင် PDF အကြမ်းဖက်သမား ၂ ဦး သည် ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာ၍ သေနတ်ဖြစ် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းသမားများ၏ ပစ်ခတ်မှုကြောင့် ဦးစံလွင်၏ ဝဲဘက်နားထင် ဖောက်ထွက် ဒဏ်ရာ (၁)ချက်၊ ယာပခုံးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ကျောကုံးဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ယာ နားရွက် အောက်ဖောက်ဝင်ဒဏ်ရာ(၁)ချက် တို့ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

#PAN