သံဖြူဇရပ်ဖောင်စိန် တိုးဂိတ်ကို အကြမ်းဖက် သောင်းကြမ်းသူများ လာရောက်ပစ်ခတ်

မတ် ၂၁

သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်တိုးဂိတ်လုံခြုံရေးအဖွဲ့များ ဆောင်ရွက်နေစဉ် မတ်လ ၂၂ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှ ၁၁ နာရီ ၅ မိနစ်အချိန်ခန့်ထိ KNU/PDF အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့မှ အာရ်ပီဂျီ၊ ၄၀ မမနှင့် လက်နက်ငယ်များဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရ’သည်။

KNU/PDF အကြမ်းဖက်သောင်းကြမ်းသူများမှာ စခန်း၏မြောက်ဘက်မှနေ၍ အာရ်ပီဂျီ ၃ လုံး၊ ၄၀ မမဗုံးပစ်လောင်ချာ ၅ လုံး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းခဲ့ခြင်းဖြစ်ကြောင်းလညေ်း သိရသည်။

ထိုသို့လာရောက်ပစ်ခတ်သည့် KNU/PDF အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့ အား ဖောင်စိန် တိုးဂိတ်စခန်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ၄၀ မမ၊ အီနာဂါ၊ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့သကဲ့သို့ ခလရ (၆၂)မှ လက်နက်ကြီးများပစ်ကူပေးခဲ့သည့်အတွက် အကြမ်းဖက်သောင်းကြမ်းသူများ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်များ  ထိခိုက်မှုမရှိကြောင်း၊ အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့ ထိခိုက်မှုရှိ မရှိ မသိရှိရသေးကြောင်းလည်း သိရသည်။

အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖောင်စိန်ရပ်ကွက်၊ သံဖြူဇရပ်ဟိုတယ်အနီး တစ်ဝိုက်သို့ ဗုံးသီးများကျရောက်ပေါက်ကွဲခဲ့သဖြင့် သံဖြူဇရပ်မြို့၊ ဖောင်စိန် ရပ်ကွက်အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေသူ ဦးအိုက်မွန်(၃၇)နှစ်၊(ဘ) ဦးကျော်ရှိန်၏ ဝဲဘက် ပေါင်လက်နက်ကြီးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့ပြီးသည့်အတွက် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

#PAN