ရွှေကျင်မြို့နယ်ရှိလောင်းကစားဝိုင်းအတွင်း၌ ဗုံးပေါက်ကွဲသဖြင့် ပြည်သူအများထိခိုက်ဒဏ်ရာရ


မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းတစ်ခုတွင် အကြမ်းဖက် KNU/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ ဆတ်ကြေးကောက်ခံရာမှာ အပြည့်အဝမပေးသဖြင့် လောင်းကစားဝိုင်းအား ဗုံးထောင်ဖောက်ခွဲခဲ့သဖြင့် အနီးရှိပြည်သူအများ ပြင်းထန်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာမတ်လ ယနေ့မွန်းလွဲ ၃ နာရီချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာအုပ်စု၊ ဝင်းခနိမ်ရွာမကျေးရွာ ရာဘာခြံတွင် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်အားစစ်ဆေးခဲ့ရာ အချိုရည်ဗူးအခွံ အပိုင်းအစများ ဓာတ်ခဲအပိုင်းအစများတွေ့ရှိရသဖြင့် လက်လုပ်ရီမု မိုင်း ဟု ယူဆရကြောင်းနှင့် မိုင်းပေါက်ကွဲမှုကြောင့် ကျား ၈ ဦး၊ မ ၅ ဦး မှာ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်ဖြစ်ပွားရခြင်းမှာ အဆိုပါလောင်းကစားဝိုင်းအား ဦးဆောင်နေသူများမှ အပတ်စဥ်ဆတ်ကြေး(ခေါ်)လိုင်းကြေးအား တောင်းခံသည့်အတိုင်းမပေးခဲ့သဖြင့် KNU/PDF အကြလမ်းဖက်များမှ လောင်းကစားဝိုင်း၌ လူအများစည်ကားနေချိန်တွင် ဗုံးခွဲသတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်၌ တရားမဝင်လောင်းကစားဝိုင်းများ၊ ရွှေတူးဖော်နေမှုများအား အကြမ်းဖက်အဖွဲ့များထံ ဆတ်ကြေးပေး၍ ဒေသခံများမှလုပ်ဆောင်နေရခြင်းဖြစ်ပြီး သတ်မှတ်ငွေပမာဏ ဆတ်ကြေးအား မပေးဆောင်ပါက အကြမ်းဖက်အဖွဲ့များသည် ယခုကဲ့သို့ အကြမ်းဖက်မှုများကို လုပ်ဆောင်လျှက်ရှိကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN