မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်


မတ် ၁၃

မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်


မတ် ၁၃

လေဆိပ်ကို ယာယီပိတ်လိုက်သည်ဟု သတင်းထွက်ခဲ့တဲ့ မြစ်ကြီးနားလေဆိပ်တွင် လေကြောင်း ခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ဒေသခံများရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ်လ ၇ ရက်က စတင်ကာ ကချင်ပြည်နယ် ၊ မြစ်ကြီးနား ၊ ဝိုင်းမော်၊ လိုင်ဇာ အပါအဝင် ဒေသအချိုတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လုံခြုံရေးအခြေအနေအရ လေကြောင်းလိုင်းများ ယာယီရပ်နားလိုက်ရကြောင်း သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဗန်းမော်လေဆိပ် လေယာဉ်ပြေးလမ်းပေါ်သို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ဗန်းမော်လေဆိပ်ကို မတ်လ ၇ ရက် ကနေ စတင်ကာယာယီ ပိတ်ထားကြောင်း သိရပါတယ်။

မတ်လ ၉ ရက် နံနက်အစောပိုင်းက မြစ်ကြီးနားမြိုနှင့် မြိုအနီးတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့တဲ့ အတွက် လေယာဉ်ကွင်းကို တစ်ရက်တာ ပိတ်ခဲ့ပြီး ယခု ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ လေယာဉ်ခရီးစဉ်များ ပြေးဆွဲနေပြီဖြစ်ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN