တက္ကသိုလ်၀င်စာမေးပွဲ ကျောက်ကြီးမြို့ နယ်မှ ၁၃၉ ဦး၀င်ရောက်ဖြေဆို


မတ် ၁၃

မြန်မာနိုင်ငံတစ်၀န်းလုံးတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့ နံနက်ပိုင်းကစတင်ပြီး မတ်လ(၁၉)ရက်နေ့ အထိ စတင်ဖြေဆိုလျှက်ရှိရာ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ နယ်တွင် စာဖြေဌာန (၃)ခု၌ ကျောင်းသားကျောင်းသူ ၁၅၉ ဦး စာရင်းရှိပြီး ၀ငရြောကဖြှဆေိုသူ (၁၃၉)ဦးရှိကြောင်း မြို့ နယ် ပညာရေးမှူးရုံး ကသိရသည်။

ကျောက်ကြီးမြို့ နယ် စာဖြေဌာနများကို တက္ကသိုလ်၀င်တန်းစာမေးပွဲကျင်းပရေး လုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ က မြို့နယ်အတွင်းရှိ ဌာနရုံးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စာမေးပွဲဖြေဆို နေစဉ် ကာလ အတွင်း ကြီးကြပ်သွားမည်ဖြစ်ပြီး မြို့နယ်ပညာရေးမှူး က တက္ကသိုလ်၀င်စာမေးပွဲကို မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်၀၍ တည်ငြိမ်စွာ ကျင်းပပြီးစီးနိုင်ရေး ၊တရားမျှတမှုရှိရေး အေးချမ်းချောမွေ့အောင်မြင်စွာဖြင့် ကျင်းပပြီးစီးနိုင်ရေး စာစစ်ဌာန၌ ကြီးကြပ်ရေးမှူး(၁)ဦး နှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ အားတာ၀န် အသီးသီးပေးအပ် ထားကာ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ က စာမေးပွဲလုံခြုံရေး အားဖြည့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ အ.ထ.က နတ်သံကွင်း စာစစ်ဌာနအား ကျောက်တံခါး အ.ထ.က ကျောင်း၌ လည်ကောင်း၊ မုန်းဒေသ စာစစ်ဌာနအား ဖြူးမြို့နယ် အ.ထ.က(၁) ကျောင်း၌ လည်ကောင်း ပြောင်းရွေ့ဖြေဆိုလျှက်ရှိကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် စာဖြေဌာနများဖြစ်သည့် အထကကျောက်ကြီးကျောင်းတွင် စာရင်းရှိ ကျောင်းသား ကျောင်းသူ (၁၁၉)ဦး ဝင်ရောက်ဖြေဆိုသူ (၁၁၁)ဦးl အထက နတ်သံကွင်း ကျောင်းတွင် စာရင်းရှိ (၁၃)ဦး တွင်ဝင်ရောက်ဖြေဆိုသူ (၆)ဦး၊ မုန်းဒေသ အ.ထ.က ကျောင်းတွင် စာရင်းရှိ (၂၇)ဦး တွင်ဝင်ရောက်ဖြေဆိုသူ (၂၂)ဦး၊ ကျောက်ကြီးမြို့ နယ် အတွင်း စာစစ်ဌာန (၃)ခု တွင် ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း (၁၃၉)ဦး ရှိကြာင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN