၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား/ကျောင်းသူ(၁၂၉၀၅)ဦး ဝင်ရောက်ဖြေဆိုလျှက်ရှိ


မတ် ၁၂

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ၂၀၂၄ခုနှစ်၊ မတ်လတွင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခရိုင်နှင့် မြို့နယ်(၂၈)မြို့နယ်မှ ကျောင်းသား/သူ(၁၂၉၀၅)ဦးဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။

အဆိုပါ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ(၁၁)ရက်နေ့မှ(၁၉)ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ/ပထဝီဝင်၊ ရူပဗေဒ/သမိုင်း၊ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ၊ စိတ်ကြိုက်မြန်မာစာ စသည့်ဘာသာရပ်များကိုဖြေဆိုကြရာမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ပဲခူး၊ညောင်လေးပင်၊တောင်ငူခရိုင်တို့တွင် စာစစ်ဌာန(၃၄)ခု၊ စာဖြေသူ(၇၄၈၅)ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ပြည်၊နတ်တလင်း၊သာယာဝတီခရိုင်တို့တွင် စာစစ်ဌာန(၄၅)ခု၊ စာဖြေသူ(၅၉၉၀)ဦး စုစုပေါင်း ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ စာစစ်ဌာန(၇၉)ခုထားရှိထားကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအနေဖြင့် စာစစ်ဌာန(၇၉)ခု၌ ဖြေဆိုရန် စာရင်းသွင်းထားရှိသူ (၁၃၄၇၉)ဦးရှိခဲ့ရာလာရောက်ဖြေဆိုသူ(၁၂၉၀၅)ဦးရှိပြီး ပျက်ကွက်သူမှာ(၅၇၄)ဦးရှိကြောင်းသတင်းရရှိသည်။ စာမေးပွဲအားဝင်ရောက်ဖြေဆိုသူ (၉၅.၇၄)ရာခိုင်နှုန်းရှိကြောင်းသိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN