ဝမ်ကောင်းပြည်သူ့စစ်ဂိတ်၌ ဗုံးပေါက်ကွဲမှုဖြစ်


မတ် ၁၁

ဝမ်ကောင်းပြည်သူ့စစ်ဂိတ်၌ ဗုံးပေါက်ကွဲမှုဖြစ်


မတ် ၁၁

မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ မိုင်းဆတ်- ကျိုင်းတုံသွားလမ်း ပြည်သူ့စစ်ဂိတ်၌ မတ်လ ၁၀ ရက်နေ့ နေ့လည် (၁)နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံ-မိုင်းဆတ်ပြေးဆွဲလျှက်ရှိသော သံလွင်သစ္စာယာဉ်လိုင်း (Probox)ယာဉ်ငယ်၊ ယာဉ်အမှတ် 8H-6395 Sussce ခဲရောင်၊ ယာဉ်မောင်း အောင်အောင် ၊ ကျိုင်းတုံမှမောင်းနှင်လာသော ကားဖြင့် မိုင်းခုတ်ပြည်သူ့ စစ်ခေါင်းဆောင် ဦးကျရှောအမည်ဖြင့် ပါဆယ်ဗူး(၁)ဗူး၊ မိုင်းခုတ်ရဲစခန်းမှူးအမည်ဖြင့် ပါဆယ်(၁)ဗူး သယ်ဆောင် လာခဲ့ကြောင်း၊ ဦးကျရှောအမည်ပါသည့် ပါဆယ်ဗူးကို ၎င်းပြည်သူ့စစ်ဂိတ်တွင် တဆင့်ပေးအပ်ရန် ပေးခဲ့ရာမှာသေဆုံးသူနှင့် ဒဏ်ရာရသူ(၂)ဦးတို့မှ ဖွင့်ဖေါက်ကြည့်ရာမှ ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကျန်(၁)ဗူးကိုလည်း အဆိုပါ ကားသမားမှ နန့်တိန်းချောင်းထဲသို့ လွင့်ပစ်ခဲ့ကြောင်း၊ ထို့နောက် တာဝန်ရှိသူများမှ ပြန်လည်ရှာဖွေပြီး ဖျက်ဆီး ဖေါက်ခွဲခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်(၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မိုင်းဆတ်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN