ရာဘာခြစ်ပြီးအသက်မွေးဝမ်းကြောင်းပြုသူကို အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်


မတ် ၁၁

သထုံမြို့နယ် ထောင်မှူးကျေးရွာအုပ်စု မြတ်စံကြီးကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ည ၁၁ နာရီအချိန်ခန့်က ရာဘာခြစ်ပြီး အသက်မွေးဝမ်းကြောင်းပြုသူနေတစ်ဦးကို အကြမ်းဖက်သမားများက ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

သေဆုံးသူမှာ မြစံကြီးကျေးရွာတွင်နေထိုင်သည့် ဉီးရွှေလှဉီး အသက် ၆၀ နှစ်၊ (ဘ)ဉီးဖထို၊ ကရင်/ဗုဒ္ဓ၊ သည် နေအိမ်အောက်ထပ်တွင်ရှိနေစဉ် အကြမ်းဖက် PDF ၂ ဉီး ဆိုင်ကယ်ဖြင့်လာရောက်ပြီး ပစ်ခတ်သွားသဖြင့် ယာဘက်ရင်အုံ ဖောက်ထွက်ဒဏ်ရာ ( ၁)ချက်၊ ဆီးခုံတည့်တည့် ဖောက်ဝင်ဒဏ်ရာ (၁)ချက် တို့ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဉီးရွှေလှဉီး၏ ရုပ်အလောင်းအား သထုံခရိုင်ပြည်သူ့ဆေးရုံကြီး သို့ ရှင်သန်ခြင်းတွဲလက်လူမူကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN