တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မွန်ပြည်နယ်အတွင်း ၂၄၈ ဦး ပျက်ကွက်ဖြစ်


မတ် ၁၁

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မွန်ပြည်နယ်အတွင်း ၂၄၈ ဦး ပျက်ကွက်ဖြစ်


မတ် ၁၁

စနစ်သစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမရက်ကို မွန်ပြည်နယ်အတွင်းတွင် ဖြေဆိုသူ ၅၀၀၀ ကျော်ရှိကြောင်း မွန်ပြည်နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

စာမေးပွဲ ဖြေဆိုခွင့်ရှိသူ စာရင်းမှာ ၆၀၁၅ ဦး ရှိပြီး ၅၇၆၇ ဦး လာရောက်ဖြေဆိုကြကာ၂၄၈ ဦး ပျက်ကွက် ခဲ့ကြောင်း စာရင်း၌ ဖော်ပြထားသည်။

မတ်လ ၁၁ ရက်နေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျိုက်ထိုမြို့နယ်၌ ၄၆၁ ဦး၊ ဘီးလင်းတွင် ၃၉၃ ဦး၊ သထုံမြို့နယ်တွင် ၄၅၉ ဦး၊ ပေါင် ၄၃၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

ထို့ပြင် မော်လမြိုင်မြို့နယ်တွင် ၁၄၄၈ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၄၄၇ ဦး၊ ကျိုက်မရော ၃၀၃ ဦး၊ မုဒုံ ၇၄၈ ဦး၊ သံဖြူဇရပ် ၆၂၅ ဦး၊ ရေးမြို့နယ်တွင် ၄၅၃ ဦး စုစုပေါင်း ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN