တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး AA ၏ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိ


မတ် ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ်၊ ပါဒလိပ်ကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများသည် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်တွေမြို့နယ်၊ ပါဒလိပ်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပါဒလိပ်ကျေးရွာရှိ အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်းအနီးသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ဖြေဆို၍ ပြန်လာသော ကျောင်းသားတစ်ဦးနှင့်ကျောင်းသူတစ်ဦးတို့တွင် ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံတပ်မတော်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN