ကျိုင်းတုံမြို့နယ်၊ နောင်ဖာကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ဖမ်းဆီးရမိ


မတ် ၁၁

ကျိုင်းတုံမြို့နယ်၊ နောင်ဖာကျေးရွာအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ဖမ်းဆီးရမိ


မတ် ၁၁

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ နောင်ဖာကျေးရွာအနီးတွင် မတ်လ ၁၀ ရက်နေ့ ၇ နာရီခွဲ ချိန်ခန့်က မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးရှာဖွေစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးစဥ် ကျအူ မောင်းနှင်လာသည့် 125iwave အမျိုးအစားမော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမီသည့် ကျအူ (၅၀)နှစ်အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN