သံဖြူဇရပ်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆက်တိုက်လေ့ကျင့်


မတ် ၁၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ထိရောက်လျှင်မြန်စွာတုံ့ပြန် ဆောင်ရွက်နိုင်ရေးနှင့် မီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်၍ မတ် ၉ ရက်နေ့၊ နံနက် ၁၀ နာရီက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဌာန်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြသခြင်းကို မြို့နယ်မီးသတ် ဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသိုသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာရှင် ပရဟိတအဖွဲ့ဝင်များမှ အထပ်မြင့်တွင် မီးလောင်မှု ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးလုပ်ငန်းများနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်လျှင်မြန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဌာန်န်တူဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်းများကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ ဌာနဆိုင်ရာ များ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကျော်ထွေးနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုးမင်းနှင့် တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN