လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျောင်းသား၊ကျောင်းသူ(၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည်


မတ်လ ၁၀


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ(၁၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ စုစုပေါင်းကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


လှိုင်းဘွဲမြို့နယ်တွင် အထက-လှိုင်းဘွဲ စာစစ်ဌာနနှင့် အထက-ရွှေဂွန်း စာစစ်ဌာနတို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အထက-လှိုင်းဘွဲစာစစ်ဌာနတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၇၉)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ(၄)ဦးနှင့် အထက-ရွှေဂွန်းကျောင်းတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၂၄)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၃၁၉)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။

ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရှိရသည်။

#PAN