ရေးမြို့တွင် မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

မတ် ၁၀

မွန်ပြည်နယ် ရေးမြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်စခန်း၌ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းဌေးအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သတ်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုပုံ မီးငြှိမ်းသတ်နည်း၊ မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ယာဉ်များဖြင့် ပူးပေါင်းလေ့ကျင့်ဆောင်ရွက်ခဲ့သည်။

ထို့နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုခြင်း စသည့်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းနှင့် ဌာနဆိုင်ရာများက တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။