ပင်နယ်တီသွင်းဂိုးတွေနဲ့ အနိုင်ရယူခဲ့တဲ့ မန်ယူအသင်း


မတ် ၁၀

ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ယူအသင်းနဲ့ အဲဗာတန်အသင်းတိုပွဲစဉ်မှာ မန်ယူ အသင်းက ပင်နယ်တီသွင်းဂိုး ၂ ဂိုးနဲ့ ရမှတ် ၃ မှတ်ကို ရယူသွားနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ မန်ယူအသင်းက ဂိုးပြတ်ရလဒ်ထွက်ပေါ်သင့်ပေမယ့် အဲဗာတန်အသင်းရဲ့ ဂိုးသမား လက်စွမ်းပြမှုတွေကြောင့် အိမ်ကွင်းမှာ ၂ ဂိုးနဲ့သာ ကျေနပ်လိုက်ရပါတယ်။

အခုနိုင်ပွဲက နောက်ဆုံး ၂ ပွဲဆက် ရှုးနိမ့်ထားတဲ့ မန်ယူအသင်းက အကောင်းဆုံးအနေအထားနဲ့ ပြန်လည်နိုးထစေဖို တွန်းအားတစ်ခု ဖြစ်လာ ခဲ့ပါတယ်။

ပြိုင်ပွဲရာသီပြီးဆုံးဖို ၁၀ ပွဲသာ လိုတော့တဲ့အချိန်မှာတော့ အဆင့်(၄)နေရာက အက်စတွန်ဗီလာနဲ့ ၈ မှတ်အထိ ကွာဟနေသေးတာကြောင့် လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့် အတွက်ကတော့ မရေရာမှုတွေ ရှိနေပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN