လေကြောင်းပိတ်​ထားကြောင့် အရေးပေါ်ရင် ကြွက်ကဲ့သို့ မြေကျင်းတူးသွားမှသာ ရတော့မည်ဟု ဒေသခံတွေပြောဆိုနေ


မတ် ၉

လေကြောင်းပိတ်​ထားကြောင့် အရေးပေါ်ရင် ကြွက်ကဲ့သို့ မြေကျင်းတူးသွားမှသာ ရတော့မည်ဟု ဒေသခံတွေပြောဆိုနေ


မတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးတစ်ဝိုက်နှင့် ဝိုင်းမော်မြို့နယ်ဘက်တွင် တပ်မတော်နှင့် KIA/ PDF အဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနားလေဆိပ်တွင် လေကြောင်းပြေးဆွဲမှုများကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ် လေကြောင်းခရီးသွားအချို့ထံမှ သိရသည်။

မတ်လ (၉)ရက်နေ့ နေ့လည် (၁၁)နာရီခွဲခန့်မှ စတင်ကာ လေကြောင်းလိုင်းများကို ရပ်နားထားခဲ့ပြီး၊ လေကြောင်းခရီးစဉ်များကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု သိရကြောင်း ၎င်းတို့ထံမှ သိရသည်။

“ကာလမ်းပြန်တော့လည်း PDF ဂိတ်တွေက ဟိုနားတစ်ဂိတ် ဒီနားတစ်ဂိတ် ပြောင်ပြောင်တင်းတင်းဖွင့်ထားတာရှိသလို လမ်းပေါ်ထွက်လာပြီး ကားတားတက်လာတာတွေလည်းရှိတယ်။ စစ်တပ်ထုတ်ဆိုပြီး လက်ညိုးထိုးဆွဲချတယ် သေနတ်ကိုင်ထားတော့ကြောက်တယ်။ ပေးဆိုပေးရတာပဲ ဘယ်တတ်နိုင်မလဲ မြစ်ကြီးနားကိုကုန်တစ်ခေါက်ရောက်ဖို့ အသက်နဲ့ရင်းရတယ်။ တန်းဖိုးကြီးပါတယ်” ဟု စီးပွားရေးအရ ကုန်စည်ကူးသန်းရောင်းဝယ်သူများက ပြောသည်။

လေယာဥ်ပဲအားကိုးရတာ ဈေးဘယ်လောက်ရှိရှိ မသွားမဖြစ်တာကသွားရတာပဲ၊ အောက်ကလူးတွေကလည်း ဒီလိုပဲတက်လာရတာပဲ၊ ကားလမ်းက ဘယ်လိုမှ မလုံခြုံဘူးလေ ခုလေကြောင်းကမထွက်ဘူး ပိတ်တယ်ဆိုတော့ အရေးပေါ်ရင်ကြွက်လို မြေကျင်းတူးသွားမှတော့မယ့်သဘောရှိတယ်” ဟုဒေသခံတွေက ပြောဆိုနေကြသည်။

လက်ရှိမှာ မြစ်ကြီးနားမြို့မှက ခရီးသွားလာမှုတွေကို ဒေသခံတွေအနေနဲ့ မပြုလုပ်ကြတော့ဘဲ တိုက်ပွဲအခြေအနေတွေကို စောင့်ကြည့်ကာ နေထိုင်နေရကြောင်း မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN