၅ လအတွင်း ပိုကုန်ရငွေက ကာလတူနှစ်ထက် ပိုမိုရရှိနေ


မတ်လ ၈

၅ လအတွင်း ပိုကုန်ရငွေက ကာလတူနှစ်ထက် ပိုမိုရရှိနေ


မတ်လ ၈

၂၀၂၃ ခုနှစ် အောက်တိုဘာမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ ၅ လ အတွင်းကုမ္ပဏီ ၁,၃၀၁ ခုကနေ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ် သန်းရာနဲ့ချီ ဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၃၆ သန်း၊ တရုတ်ယွမ် ၃၂၁ ဒသမ ၈၀ သန်းနဲ့ ထိုင်းဘတ် ၈၇၆ ဒသမ ၁၅ သန်း ရှိခဲ့တယ်လို့ မတ်လ ၅ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီရဲ့ (၂/၂၀၂၄) လုပ်ငန်းညှိနှိင်း အစည်းအဝေးကနေ သိရပါတယ်။

ကာလတူဖြစ်တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကုမ္ပဏီ ၂၁၅ ခုကနေ အမေရိကန်ဒေါ်လာ ၄၅ ဒသမ ၁၄ သန်း၊ တရုတ်ယွမ် ၁၀၉ သန်းနဲ့ ထိုင်းဘတ် ၁၈၇ ဒသမ ၆၇ သန်းပဲ ဝင်ရောက် ခဲ့တာကြောင့် ပို့ကုန်ရငွေ ဝင်ရောက်မှုက ယခင်နှစ် ကာလတူထက် ကုမ္ပဏီ ၁၀၈၆ ခုကနေ အမေရိကန်ဒေါ်လာ ၂၃၈ ဒသမ ၂၂ သန်း၊ ယွမ် ၂၁၂ ဒသမ ၈၀ သန်းနဲ့ ဘတ် ၆၈၈ ဒသမ ၄၈ သန်း ပိုမို ဝင်ရောက် ခဲ့တယ်လို့ သိရပါတယ်။

ပြည်ပကို ပို့ကုန်တွေ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးနဲ့ ပတ်သက်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကို သိအောင် လေ့လာ၍ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်း မှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအနေနဲ့ ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမယ်လို ပြောကြားထားပါတယ်။

ဒါ့အပြင် ပို့ကုန်ရငွေ ပေးသွင်းဖို့ကျန်ရှိနေသေးတဲ့ ကုမ္ပဏီတွေကို သတ်မှတ်ကာလအတွင်း ပေးသွင်းနိုင်ခြင်း မရှိပါက သက်ဆိုင်ရာဌာနတွေရဲ့ လုပ်ထုံးလုပ်နည်း အတိုင်း အရေးယူဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဗဟိုကော်မတီဥက္ကဋ္ဌက သတိပေးခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မကုန်မီလျာထားချက် ပြည့်မီအောင် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN