စစ်သည်တော်ကျင့်ဝတ် စားမေးပွဲဖြေဆိုပြီးပြန်လာသည့် တပ်မတော်မော်တော်ယာဥ် အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ

မတ် ၈


မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး​မြို့နယ်၏ အရှေ့တောင်ဘက် (၁၅)မိုင်ခန့် ထိမ္မလာရွာအနီး အမြန်လမ်း မိုင်တိုင်အမှတ်(၃၂၀/၇နှင့် ၃၁၂/၀) အကြား မန္တလေး-ရန်ကုန်သွားအမြန်လမ်းပေါ်၌ ယနေ့ နံနက် နာရီ၁၀မိနစ်အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။

တပ်မ(၈၈)မကွေးမှ ဗိုလ်ကြီး ကျော်သူရပိုင် ဦးစီး(၁၆)ဦးအဖွဲ့သည် တပ်မတော်​ယာဉ်ဖြင့် မန္တလေးမှ စစ်သည်တော်ကျင့်ဝတ် စားမေးပွဲဖြေဆိုပြီးပြန်လာစဉ် ထိမ်ဖလားချောင်းတံတားအဆင်းအရောက် လမ်းယာဘက်ခြမ်းတွင် ကာရံထားသည့် ကွန်ကရစ်ဘလောက်တုံးအောက်ခြေမြက်တောအတွင်း၌ ထောင်ထားသည့် ရှေ့ထွက်မိုင်း(၃)လုံးခန့်ပေါက်ကွဲခဲ့ရာ ယာဉ်အားထိမှန်ခဲ့ပြီးယာဉ်၏အရှေ့လေကာ မှန်ကြီးကွဲအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်၌လိုက်ပါလာသူများနှင့် လမ်းတံတားတို့ပျက်စီး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးတစ်ဝိုက်အား ပူးပေါင်းအဖွဲ့မှရှင်းလင်းခြင်းဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာနှင့်(၆)ပေခန့်အကွာတွင် မပေါက်ကွဲသေးသည့် မိုင်း(၂)လုံးအား နီ/နက်ရောင်ဝါယာကြိုးစအပျက်နှင့်တွဲလျက် မြက်ခြောက်များဖြင့် ဖုံးအုပ်တပ်ဆင်ထားသည်ကို ထပ်မံတွေ့ရှိရသဖြင့် ရှင်းလင်းဖောက်ခွဲဖျက်ဆီးနိုင်ရေး သက်ဆိုင်ရာမှဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

PAN