ခြံတံခါးမှာ ချိတ်ဆွဲထားသော အထုတ်အား ဆွဲယူလွှတ်ပစ်ရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွား


မတ်လ ၈

မတ်လ ၈

ယနေ့ နံနက် ၆ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ အာခါစျေးလမ်း၊ အမှတ်(ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းနောက်၊ ခြံဝန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အာခါစျေးလမ်း၊ အမှတ်(ဝကခ-၂၂၂) ATA စားသောက်ဆိုင်ကွင်းနောက်၊ နေထိုင်သော အဘူးရာ၊ အသက် ၁၈ နှစ်သည် ခြံဝန်းအတွင်းမှ အပြင်သို့ အမှိုက်များထည့်ထားသည့် တွန်းလှည်းဖြင့် အမှိုက်ပစ်ရန် ထွက်လာစဉ် ခြံတံခါးအဝ၌ အဝတ်အနီရောင်စဖြင့် ချိတ်ဆွဲထုပ်ထားသော အထုတ်အား ဆွဲယူရာမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်း ဗုံးပေါက်ကွဲမှုကြောင့် အဘူးရာ မှာ ထိခိုက်ဒဏ်ရာများရရှိသဖြင့် ဦးလှမိုးနာရေးကူညီမှု အသင်းမှ ဆေးရုံသို့ ပို့ဆောင်ထားပါကြောင်း သိရှိရသည်။

….သတင်းအပြည့်အစုံဖတ်ရန် -https://positiveanglenews.com/2024/03/06/27619/ PAN မှ တင်ဆက်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN