လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ရီးယဲယ်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်

မတ် ၇

ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက် (၁၆)သင်းအဆင့် ဒုကျော့ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ မန်စီးတီးကတော့ အိမ်ကွင်းမှာ နောက်ထပ် ဂိုးပြတ်နိုင်ပွဲနဲ့အတူ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ ၁၀ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး မန်စီးတီးက အရန်လူအများစုနဲ့ပဲ အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။

ရီးယဲယ်ကတော့ ဂျာမန်ကလပ် လိုက်ပ်ဇစ်ကို အကြိတ်အနယ်ကစားခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

ပထမအကျော့တုန်းက ရလဒ်ကြောင့်ပဲ ရီးယဲယ်နောက်တစ်ဆင့် တက်ခွင့်ရတာဖြစ်ပေမယ့် ဒီပွဲမှာတော့ခက်ခက်ခဲခဲ ကစားခဲ့ရတာဖြစ်ပါတယ်။