ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဟွိုက်လန်း အဲဗာတန်အသင်းနှင့်ပွဲစဉ်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိ

မတ် ၇

မန်ယူအသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်းအသင်းရဲ့ တိုက်စစ်ကစားသမား ဟွိုက်လန်းဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ယခုအခါ ဒဏ်ရာပြန်လည် သက်သာလာပြီးနောက် ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ် လာမယ့် စနေနေ့ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီအချိန်တွင် မန်ယူအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်၌ ပြန်လည် ပါဝင်လာဖွယ်ရှိပါတယ်။

ယခုဘောလုံးရာသီတွင် အတ္တလန္တာအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည့် ဟွိုက်လန်းဟာ ရာသီအစပိုင်းက သွင်းဂိုးများရရှိရန် ခက်ခဲခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ သွင်းဂိုးများ သွင်းယူနိုင်သော်လည်း ဖေဖော်ဝါရီလ ၁၈ ရက်က ကစားခဲ့သော လူတန်အသင်းနှင့်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိပြီးနောက် အနားယူနေခဲ့ရသူဖြစ်ပါတယ်။

ဟိုက်လန်းဟာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်းက အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်က ပေးအပ်သည့် “ Player of The Month “ တစ်လတာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

အသက်၂၁အရွယ်ရှိ ဟွိုက်လန်းဒဏ်ရာကြောင့် အနားယူနေရသည့်အချိန်တွင် ရုန်းကန်ခဲ့ရပြီး ဟိုက်လန်းမပါဝင်နိုင်သည့် ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲသာအနိုင်ရရှိပြီး အသင်းတိုက်စစ်ပိုင်းကလည်း သုံးပွဲတွင် သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဟွိုက်လန်းဟာ မန်ယူအသင်းနှင့် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပွဲပေါင်း ၂၀ ကစားပြီး ခုနစ်ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပါတယ်။