မွန်​ပြည်​နယ်​ရှိ​ ကော့ကဒွတ်​ကျေးရွာ အုပ်​ချူပ်​ရေးမှူးရုံးအား KNU / PDF အကြမ်းဖက်​သမားများမှ​ မိုင်း​ထောင်​ဖောက်​ခွဲ


မတ်လ ၇

မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊​ ကော့ကဒွတ်​ကျေးရွာအုပ်​စု၊ ဘီးလင်း -​ တောင်​စွန်း ကားလမ်းမ​ဘေးရှိ​ ကော့ကဒွတ်​ကျေးရွာ အုပ်​ချူပ်​ရေးမှူးရုံးအား ယနေ့ နံနက်​ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်​က KNU / PDF အကြမ်းဖက်​သမားများမှ​ ကော့ကဒွတ်​ကျေးရွာ အုပ်​ချူပ်​ရေးမှူးရုံးအား မိုင်း​ထောင်​ဖောက်​ခွဲခဲ့​ကြကြောင်း သိရှိရသည်​။

မိုင်း​ထောင်​ဖောက်​ခွဲမှု​ကြောင့်​ ကျေးရွာအုပ်​ချူပ်​ရေးမှူးရုံးမှာ​ အမိုးအကာများ ပျတ်​စီးခဲ့ပြီး လူသူထိခိုက်​ဒဏ်​ရာရရှိမှု မရှိ​ကြောင်း သတင်းရရှိသည်။

ဘီးလင်းမြို့နယ်​အတွင်းရှိ လမ်းတံတားများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ရုံးများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ၊ ပြည်​ခိုင်​ဖြိုးပါတီဝင်​များအား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန် လည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ ပြည်သူများအား “သူလျှို၊ သတင်းပေး၊ ဒလန်” ဟုစွပ်စွဲ၍လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက်ဂိုဏ်းဂဏစွဲ အပေါ် အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်များအသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN