တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်တို့၏ နှစ်ပတ်လည် စုံညီအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်


မတ် ၇

တရုတ်နိုင်ငံရဲ့ (၁၄) ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)တိုရဲ့ နှစ်ပတ်လည်စုံညီအစည်းအဝေး(Two sessions) ဖွင့်ပွဲ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးကို မတ်လ ၅ ရက်မှ စတင်ပြီး တရုတ်နိုင်ငံ၊ ပေကျင်းမြိုရှိ ပြည်သူ့ခန်းမဆောင်ကြီး (The Great Hall of the People) မှာ ကျင်းပပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ အစည်းအဝေးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီချန်၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်(CPPCC)နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်(NPC)တို့မှတာဝန်ရှိသူအကြီးအကဲ များ တက်ရောက်ခဲ့ကြပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံ အစိုးရအရာရှိကြီးများ၊ တရုတ်နိုင်ငံတစ်ဝှမ်းမှ နိုင်ငံရေး၊ စီးပွားရေး ပညာရှင်များ၊ တရုတ်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံး၊ အဖွဲရုံးများမှ သံအမတ်ကြီးများ၊ နိုင်ငံတကာအဖွဲအစည်းများမှ တာဝန်ရှိ သူများ အပါအဝင် ကိုယ်စားလှယ်ပေါင်း ၂,၉၀၀ ကျော် ပါဝင်တက်ရောက်ကြပါတယ်။

အဆိုပါ အစည်းအဝေးဖွင့်ပွဲကို မတ်လ ၅ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN