ACI အစီစဥ်နဲ့ Gujranwala မြို ခရီးစဉ်တွင် မြန်မာသံရုံး ယာယီတာဝန်ခံက စီးပွားရေး ရင်းနှီးမြှုပ်နှံနိုင်မှုများပြောကြား


မတ် ၆

ASEAN Committee in Islamabad (ACI) မှ Gujranwala မြိုသို့ သွားရောက်တဲ့ ခရီးစဉ်မှာ မြန်မာသံရုံး ယာယီတာဝန်ခံ ပါဝင်တက်ရောက်ခဲ့ပြီး စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရန် အစည်းအဝေးတစ်ရပ်ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ACI မှ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီး Mrs. Maria Agens M.Cervantes ဦးဆောင်တဲ့ အာဆီယံသံရုံးအကြီးအကဲများနှင့် ACI လုပ်ငန်း ကော်မတီအဖွဲ့ဝင်များမှ မတ်လ ၁ ရက်နှင့် ၂ ရက်အထိ Gujranwala မြိုသို့ သွားရောက်လေ့လာတဲ့ ခရီးစဉ်မှာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ/သံမှူးကြီး ဦးအောင်ကျော်သူရ ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ခရီးစဉ်အတွင်း Gujranwala မြိုရှိ Gujranwala Business Council နှင့် Gujranwala Chamber of Commerce အဖွဲအစည်းများနှင့် တွေ့ဆုံ၍ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ တိုးမြှင့်ရန် အစည်းအဝေးတစ်ရပ်ကို Meridian Hotel မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးမှာ Gujranwala Business Council ၏ ဥက္ကဋ္ဌ Mr. Ahmad Ikram Lone နှင့် ACI အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘရူနိုင်းနိုင်ငံတိုမှ သံအမတ်ကြီးများနှင့် အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှားနိုင်ငံများမှ သံရုံးယာယီ တာဝန်ခံများမှ ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများ၊ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အစည်းအဝေးဒုတိယနေ့မှာ ကုမ္ပဏီစက်ရုံများသို့ သွားရောက်ပြီးထုတ်လုပ်မှုအဆင့်ဆင့် လေ့လာကြည့်ရှု ခြင်း၊ Gujranwala Business Council မှာ ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် ပြခန်းများ ကြည့်ရှုခြင်း၊ Gujranwala Chamber of Commerce and Industry မှာ ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့် ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြတယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –

Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

သတင်းပေးပိုရန် PAN Viber – 09772979725

PAN