အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ်ကို လာအိုနိုင်ငံက လက်ခံကျင်းပမည်

မတ် ၆
စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ် (AEBF-24) ကို လာအိုနိုင်ငံက လက်ခံကျင်းပမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတစ်ရပ်အရ သိရသည်။

လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနမှ မြို့တော်ဗီယင်ကျန်းတွင် လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပြီး စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

လာအိုနိုင်ငံအနေဖြင့် ၂၄ ကြိမ်မြောက် အာဆီယံ စွမ်းအင်စီးပွားရေးဖိုရမ် (AEBF-24) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

PAN